စနေ, ဧပြီ 20, 2024

အံ့ဩဖွယ်သမ္မာကျမ်းစာ

၁။သမ္မာကျမ်းစာဆိုတာယနေ့ထိကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံး၊ပုံနှိပ်ထုတ်ဝေမှုအများဆုံးနဲ့ဖတ်ရှုသူအများဆုံးစာအုပ်အဖြစ်အံ့ဩဖွယ်တွေ့မြင်ရပါတယ်။
၂။သမ္မာကျမ်းစာဆိုတာကမ္ဘာပေါ်မှာဘာသာပြန်မှုအများဆုံးစာအုပ်အဖြစ်ယနေ့ထိတိုင်အောင်မတူညီတဲ့ဘာသာစကားပေါင်း၂၅၀ဝကျော်ဘာသာပြန်ပြီးကြောင်းနှင့်ဆက်ပြီးဘာသာပြန်နေဆဲဖြစ်ကြောင်းအံ့ဩဖွယ်တွေ့မြင်ရပါတယ်။
၃။သမ္မာကျမ်းစာဆိုတာကမ္ဘာ့ရှေးအကျဆုံးစာအုပ်ဖြစ်သလို၊နှစ်ပေါင်း၄၀ဝ၀ကျော်ရှိခဲ့ပြီးယနေ့ထိဖတ်လိုက်ရင်အဓိပ္ပာယ်ရှိအသုံးဝင်နေတာအံ့ဩဖွယ်မြင်တွေ့ရပါတယ်။
၄။သမ္မာကျမ်းစာဆိုတာသမိုင်းတလျှောက်
စရေးတဲ့အချိန်နဲ့စာအုပ်အဖြစ်ပေါင်းစည်းဖြစ်တဲ့အချိန်ထိကြားမှာနှစ်ပေါင်းထောင်ချီကြာခဲ့ပေမဲ့၊အကြောင်းအရာတွေတခုနဲ့တခုဆက်စက်နေတာအံ့ဩဖွယ်မြင်တွေ့ရပါတယ်။
၅။သမ္မာကျမ်းစာဆိုတာ စာရေးသူပေါင်း၄၀ကျော်ဖြင့်၊စာရေးသူအများဆုံးအဖြစ်မှတ်တမ်းတင်ခံရတဲ့စာအုပ်ဖြစ်ပါတယ်၊စာရေးသူကလည်းမတူညီတဲ့အဆင့်တန်းစားအမျိုးမျိုးကဖြစ်ပါတယ်…ရှင်ဘုရင်ပါနေသလိုအမတ်ကြီးတွေပါမယ်၊သိုးထိန်း၊ပရောဖတ်၊ထောင်သား၊ဆရာဝန်၊ကဗျာဆရာ၊စာရေးဆရာ၊အရာရှိ၊ရိုးရိုးသာမန်လူ၊လယ်သမား၊အလုပ်သမား၊စည်ပင်၊တံငါ၊ဖာရိရှဲ….မတူညီတဲ့ခေတ်ကာလ၊မတူညီတဲ့အဆင့်အတန်းမှာအသက်ရှင်ကြ
ပေမဲ့တူညီတဲ့အကြောင်းအရာတခုကိုရေးဖွဲ့ခဲ့ကြတာအံ့ဩဖွယ်တွေ့မြင်ရပါတယ်။ဒါဟာဝိညာဉ်တော်ကဖွင့်ပြခဲ့ကြောင်းပိုထင်ရှားစေပါတယ်။
၆။သမ္မာကျမ်းစာဆိုတာနောင်ဖြစ်လာမဲ့အရာတွေကိုကြိုဟောထားချက်အများဆုံးစာအုပ်ဖြစ်ပါတယ်၊စာအုပ်စရေးတဲ့အချိန်နှစ်ပေါင်း၄၀ဝ၀ကျော်ကစခုထိကြိုဟောချက်ပေါင်း၁၀ဝ၀ကျော်လက်တွေ့ဖြစ်ပျက်ခဲ့ပြီး၊ကျန်သုံးပုံတစ်ပုံကြိုဟောချက်တွေကတော့လက်ရှိဖြစ်ပျက်နေသလိုရှေ့လျှောက်ဖြစ်လာမဲ့အရာတွေဘဲဖြစ်နေကြောင်းအံ့ဩဖွယ်တွေ့ရပါတယ်။
၇။သမ္မာကျမ်းစာဆိုတာပညာရပ်အစုံလင်ဆုံးစာအုပ်ဖြစ်ပါတယ်။ဓမ္မဟောင်းကျမ်း၃၉အုပ်နဲ့ဓမ္မသစ်ကျမ်း၂၇အုပ်ပေါင်း၆၆အုပ်ပေါင်းချုပ်ထားပြီး၊အခန်းပေါင်း၁၁၈၉ခန်း၊အခန်းငယ်ပေါင်း၃၀ဝ၀ဝကျော်၊စကားလုံးပေါင်း၉၃၅၀ဝ၀ကျော်(မူရင်းကျမ်းအရ)ရှိပြီး၊ဒီကျမ်းတွေထဲမှာတော့ သမိုင်း၊သီချင်း၊ကဗျာ၊ပုံပြင်၊ဗျာဒိတ်၊ဆိုရိုးစကား၊စာရေးနည်း၊သာဓက၊ပညတ်၊ယဉ်ကျေးမှု၊ပြဇာတ်၊ဓဿနိက၊သီအော်လော်ဂျီ၊ဆေးပညာ၊သိပ္ပံပညာ၊ဘူမီ၊စစ်ရေး၊အချစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊ပထဝီ၊လူ့အခွင့်အရေး၊သန့်ရှင်းရေး၊ကိုယ်ကျင့်တရား၊စိတ်ပညာ…အမျိုးမျိုးပါဝင်နေပြီးအဓိကဒီအရာတွေနဲ့ကယ်တင်ခြင်းတခုတည်းကိုဦးတည်နေပါတယ်။
၈။သမ္မာကျမ်းစာဆိုတာ သန့်ရှင်းပြီးအထွဏ်ထိပ်နေရာရှိတဲ့စာအုပ်ဖြစ်တယ်၊တိုးတက်တဲ့နိုင်ငံမှာသမ္မတကအစ၊တာဝန်ထမ်းဆောင်ဖို့သမ္မာကျမ်းစာပေါ်လက်တင်ပြီးကျမ်းကျိန်ရပါတယ်၊လပေါ်ပထမဆုံးရောက်သွားသူကလဲလပေါ်မှာသမ္မာကျမ်းစာကိုဖတ်ခဲ့သလို၊ကုလသမဂ္ဂစည်းဝေးဆောင်ကြီးမှာလဲဟေရှာယအနာဂတ္တိကျမ်း၂:၄ကိုရိုက်ကပ်ထားပါတယ်။ဒီအဆောက်အဦးဆောက်တုန်းကသမ္မာကျမ်းစာကိုအုပ်မြစ်နေရာမှာမြုပ်ပြီးစတင်ခဲ့ပါတယ်။
၉။သမ္မာကျမ်းစာဆိုတာသမိုင်းတစ်လျှောက်တိုက်ခိုက်ခံရမှုအများဆုံး၊ဖျက်ဆီးခံရမှုအများဆုံးစာအုပ်ဖြစ်ပြီး၊ခုထိမားမားရပ်တည်နေနိုင်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၀။သမ္မာကျမ်းစာဆိုတာပညာမတတ်တဲ့အဘွားအိုတွေတောင်နားလည်နိုင်ကြပြီး၊တချို့ပညာရှိကြီးတွေခုထိနားမလည်နိုင်တဲ့အံ့ဩဖွယ်စာအုပ်ပါ။
၁၁။သမ္မာကျမ်းစာဆိုတာ လူဘယ်ကလာပြီး၊သေရင်ဘယ်သွားမယ်ဆိုတဲ့အရာကိုအဖြေပေးလမ်းညွန်ထားတဲ့အံ့ဩဖွယ်စာအုပ်ပါ။
၁၂။သမ္မာကျမ်းစာဆိုတာ ပညာရှိသူဖြစ်ပါစေ၊ပညာမရှိသူဖြစ်ပါစေ၊ယုံကြည်ခြင်းနဲ့အစပြုဖတ်ရှုမှသာနားလည်နိုင်မဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၃။သမ္မာကျမ်းစာဆိုတာ သူ့ကိုဖတ်ပြီးယုံကြည်သူတွေဒီယုံကြည်ချက်အတွက်ကျေနပ်ပြုံးရွှင်စွာအသက်ပေးရဲသူအများဆုံးဖြစ်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၄။သမ္မာကျမ်းစာဆိုတာ ဘုရားသခင်မှလူတွေကိုစကားပြောခြင်းအများဆုံးဖြစ်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၅။သမ္မာကျမ်းစာဆိုတာ ဘယ်နိုင်ငံမဆိုရှိနေပြီး၊ဖတ်ရှုသူအများဆုံးဖြစ်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၆။သမ္မာကျမ်းစာဆိုတာ ထာဝရအသက် ဘယ်လိုလုပ်ပြီးရနိုင်ကြောင်းလမ်းညွန်ပေးတဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
ချစ်သောမိတ်ဆွေ
ဒီလောက်အံ့ဩဖွယ်တွေပြည့်နေတဲ့ကျမ်းစာကိုဘာလို့ဖတ်ဖို့ပြင်းနေသေးသနည်း၊သို့မဟုတ်ကျမ်းစာမရှိသေးဘူးဆိုရင်အမြန်ဆုံးဝယ်ဖတ်ကြည့်ပါလို့တိုက်သွန်းပါရစေ။
ရှင်ယောဟန်ခရစ်ဝင် ၅:၃၉
ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ(ယေရှု)၏သက်သေဖြစ်၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်